welcome

Photobucketလောကသစ္စာ

အတွေးတစ်စ

အုံ့ မှိုင်းနေတဲ့ ကောင်းကင်ညိုတိုက်ထဲမှာ အရှိန်အဟုန်ပြင်းစွာနဲ့  ခုန်ဆင်းဖို့ စောင့် နေရင်း တွဲလဲခိုနေတဲ့  မိုးစက်လေးတွေ....
တောင်ပြန်လေညှင်းရဲ့ အေးစက်ငြိမ်သက်လှတဲ့  လေထုကြားကို ထိုးဖောက်ဖို့ စောင့် စားရင်း...
အသက်ပါပါ နဲ့ ညီညာယိမ်းနွဲ့ နေတဲ့  သစ်အိုပင်ခပ်အုပ်အုပ်တစ်ချို့ တလေနဲ့ ...ညနက်ရဲ့ အမှောင်ထုထဲမှာ ...(ak)


Thursday, May 3, 2012

အရာရာထက်ကို ငါ

ဘယ်သူတွေ

မှန်တယ် မှားတယ်

ပြောနေပါစေ 

တစ်နေ့ နေ့  တစ်ချိန်ချိန်တော့ 

အရာရာဟာ

အကောင်းဆုံး ဖြစ်လာမှာပါ 

ငါ ဆိုတာ

မရှိတော့ ရင်ပေါ့ 

နောင်တတွေ တသီတတန်းနဲ့ 

အရှုံးတွေကို ပွေ့ ဖက်ရင်း

ကာလတစ်ခုကို ဖြတ်သန်းနိုင်ဖို့ 

အလင်းတစ်စက်ကို ငါ မေ့ ထားတယ်

ကျောနောက်ကွယ်က

ခါးသီးမူတွေကို

အနိုင်ယူတဲ့ တစ်နေ့ကျရင်

ငါ ဆိုတဲ့  လူကို

ဆုံးဖြတ်သံ ရပ်ပေးပါ။ (ak)


No comments:

Post a Comment