welcome

Photobucketလောကသစ္စာ

အတွေးတစ်စ

အုံ့ မှိုင်းနေတဲ့ ကောင်းကင်ညိုတိုက်ထဲမှာ အရှိန်အဟုန်ပြင်းစွာနဲ့  ခုန်ဆင်းဖို့ စောင့် နေရင်း တွဲလဲခိုနေတဲ့  မိုးစက်လေးတွေ....
တောင်ပြန်လေညှင်းရဲ့ အေးစက်ငြိမ်သက်လှတဲ့  လေထုကြားကို ထိုးဖောက်ဖို့ စောင့် စားရင်း...
အသက်ပါပါ နဲ့ ညီညာယိမ်းနွဲ့ နေတဲ့  သစ်အိုပင်ခပ်အုပ်အုပ်တစ်ချို့ တလေနဲ့ ...ညနက်ရဲ့ အမှောင်ထုထဲမှာ ...(ak)


Thursday, March 12, 2015

လောကသစ္စာ

လောကသစ္စာ

နောက်မဆုတ်ချင်ဘူး
ဒါပေမဲ့...
ကျွန်တော်လျှောက်နေတဲ့ လမ်းကကြမ်းတယ်
ဆူးခလုတ်တွေလည်းရှိတယ်...
ချောက်နက်တွေလည်းရှိတယ်...
မတော်လို့ ယိုင်လဲရင်
နောက်ကွယ်က လှောင်ရီမယ့်
ခပ်ပြုံးပြုံး လူတစ်အုပ်လည်းရှိတယ်....
နောက်မဆုတ်ချင်ဘူး.....
ကျွန်တော့်မှာ အနာဂတ်ရှိတယ်...
စိတ်ဓာတ်ခွန်အားရှိတယ်....
ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲပါစေ
လှပတဲ့အနာဂတ်ကို
စိတ်ဓာတ်ခွန်အားနဲ့ အကောင်ထည်ဖော်မယ်..
ဆူးခလုတ်တွေ ရှိပါစေ...
ချောက်နက်တွေ တားပါစေ...
လှောင်ရယ်သံတွေ ကြားပါစေ...
ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ပုံဖော်ထုဆစ်မယ်....
ဒါဟာ လောကအမှန်တရားပဲ..
လောကသစ္စာပဲ.....
ကျေးဇူးတင်ပါသည်...
လောကသစ္စာ (ArKar)