ဘ၀ဆိုတာ အဖော်မဲ့ လမ်းကြမ်းတဲ့ 
အော်..နက်နဲတဲ့ အသိတရားနဲ့ 
ခက်ခဲတဲ့ အနက်အဓိပ္ပာယာယ်တွေ
ဖော်ဆောင်ထားမှတော့ 
အရာရာတိုင်းအတွက်
အကောင်းဆုံးဆိုတာတာ အပြုသဘောထက်
လက်တွေ့ မဆန်တာ ၀မ်းမနည်းပါ။
နိုးကြားမှူနဲ့  ကြိုးစားမူတွေပျောက်ကွယ်လို့ 
ရိုးသားမူဆိုတာလည်း
အလစ်သုတ်သမားတွေအတွက်
တိုးပွားမှူဖြစ်ခဲ့ ရပြီ ။
တစ်စတစ်စတိုးလာတဲ့ လှောင်ရယ်သံတွေလည်း
မာနတရားတွေနဲ့ ပြိုင်တုနေမှတော့ 
မနက်ခင်းတွေလည်းညစ်ညမ်းခဲ့ ရပြီ...
အဆုံးမဲ့ ခရီးကြမ်းထဲဖြတ်သန်းနေမှတော့ 
မိုးကုတ်စက်ဝိုင်းအစွန်းတော့ 
ရောက်ကောင်းရောက်အောင် သွားနိုင်ပါရဲ့  ။
" မျှတမူ" ဆိုတာလည်း
အလင်နဲ့ အမှောင်ဆန့် ကျင်နေသရွေ့ တော့ 
ဆိတ်ကွယ်ရာလို့ ထင်မိတယ်..
"စည်းကမ်း" ဆိုတဲ့ အရာအတွက်
ချိုးဖောက်သူတွေစောင့် ဆိုင်းနေတုန်းတော
မြို့ ကအရာထင်မကျန်ခဲ့ ပါ။
နင်လားငါလားမသဲကွဲတဲ့ ခေတ်မှာ
တစ်ဖွဲဖွဲနဲ့ ဖြစ်နေတဲ့ 
အလဲအကွဲနဲ့ စစ်ပွဲတွေ
ပေါင်မုန့် တစ်လုံးနဲ့ ဗုံးတစ်လုံးကြား
တစ်ရုံးရုံးနဲ့ တန်းစီခဲ့ ပြန်ပြီ....
ပထရယ်မယ်လိုဗစ်ရဲ့  တယောသံတွေလည်း
စစ်အော်သံတွေကြား တောင်းတမိပါရဲ့  ။
လောကကြီးမှာလည်း
မယောင်မလည်တွေကများသား..
ထမင်းတစ်လုပ်အတွက်
အတင်းတုတ်တဲ့  စရိုက်နဲ့ 
သီချင်းတစ်ပုဒ်အတွက်
ခိုးထုတ်တဲ့ စရိုက်..
ကြားဖူးတဲံစကားတစ်ခွန်းပေါ့ 
" သူတောင်းစားထမင်းဝတဲ့ ကိစ္စတွေ
လူ့ လောကာမှာများလာနေမှတော့ 
လူ့ သွေးလောက်အရသာရှိတာ
ဒီလောကမှာမရှိဘူးတဲ့ "
ရေဆုန်မှာပဲ
မျှောချင်မျှောလိုက်တော့ မယ်
အပြောင်အလဲဆိုတာ
ဗလောင်ဗလဲ ဆန်လွန်းလို့ ပါ ။.....အပိုင်း (၂)သို့ ..(ak)
